Local News

မကွေးကုန်စည်ဒိုင်တွင် နှမ်းရောင်စုံစျေးကျသော်လည်း နှမ်းနီသာစျေးတက်

Last Updated:

မကွေးကုန်စည်ဒိုင်တွင် နှမ်းရောင်စုံစျေးကျသော်လည်း နှမ်းနီသာစျေးတက်           

    

မကွေးကုန်စည်ဒိုင်တွင်နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။တစ်ပတ်အတွင်းကာလတူ(၂၁.၇.၂၀၂၂)ရက်နေ့နှင့် နှိုင်းယှဉ်ပါကအရည်အသွေးနှင့်ဝယ်လိုအားကြောင့်နှမ်းနက်(စမုံ)သစ်၊နှမ်းနက်(စမုံ)ဟောင်း၊နှမ်းဖြူ(သစ်)၊နှမ်းဖြူ(ဂျပန်)တို့ စျေးများကျလျှက်ရှိသော်လည်းနှမ်းနီမှာတော့စျေးတက်လျှက်ရှိတာကိုတွေ့ရပါတယ်။နှမ်းနက်စမုံ(သစ်)(၄၅)ပိဿာ(၁) အိတ်လျှင်ယခင်တစ်ပတ်တွင်(၂၅၀၀ဝဝ)ကျပ်စျေး၊ယခုတစ်ပတ်တွင်(၂၃၄၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက်(၁၆၀ဝဝ)ကျပ်၊ နှမ်းနက်စမုံ(အဟောင်း)(၄၅)ပိဿာ(၁)အိတ်လျှင်ယခင်တစ်ပတ်တွင်(၂၂၀၀ဝဝ)ကျပ်စျေး၊ယခုတစ်ပတ်တွင်(၁၉၅၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက်(၂၅၀ဝဝ)ကျပ်၊နှမ်းဖြူ(သစ်)(၄၅)ပိဿာ(၁)အိတ်လျှင်ယခင်တစ်ပတ်တွင်(၂၂၂၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ်တွင်(၂၀၅၅ဝဝ)ကျပ်စျေးဖြစ်သည့်အတွက်(၁၆၅ဝဝ)ကျပ်၊နှမ်းဖြူ(ဂျပန်)(၄၅)ပိဿာ(၁)အိတ်လျှင်ယခင်တစ် ပတ်တွင်(၂၃၅၀ဝဝ)ကျပ်စျေး၊ယခုတစ်ပတ်တွင်(၂၂ဝ၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက်(၁၅၀ဝဝ)ကျပ်တို့အသီးသီးစျေးကျပြီး နှမ်းနီ(၄၅)ပိဿာ(၁)အိတ်လျှင်ယခင်တစ်ပတ်တွင်(၁၈၅၀ဝဝ)ကျပ်စျေး၊ယခုတစ်ပတ်တွင်(၁၉၃ဝဝဝ)ကျပ်စျေးဖြစ်သည့် အတွက်(၈ဝဝဝ)ကျပ်စျေးတက်ကာအရောင်းအဝယ်ဖြစ်လျှက်ကြောင်းသိရှိရပါသည်။

 

                                                                                                                                                                    ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News